ေ၇ွှကျုံသူ...................ေ၇ွှကျုံသားများ.............မင်္ဂလာပါ............

Saturday, 3 December 2011

ထင်ယောင်ထင်မှား သူလှည့်စား...

ခုတလော ရွှေပြည်ကြီး ရဲ့  အကြောင်းများ၊ မြင်နေ ကြားနေ ဖတ်နေ ရတဲ့ သတင်းတွေ အတင်းတွေ ကြားထဲ ရွှေပြည်သူ ရွှေပြည်သား လူအများလည်း ပျော်ရွှင်ကြည်နူးလိုက်ကြ၊ စိတ်ချမ်းသာလိုက်ကြ၊ ဝမ်းနည်းကြေကွဲလိုက်ကြ၊ ဒေါသထွက်လိုက်ကြ၊ မကျေမနပ်ဖြစ်လိုက်ကြ နဲ့ မို့ မယ်ရီဂိုးရောင်း..ချားရဟတ်ကြီး စီးနေရသလို နိမ့်လိုက် မြင့်လိုက် စိတ်ဓါတ်တွေ တက်လိုက် ကျလိုက် ၊ရင်ဘတ်ထဲ ဟာကနဲ ဟင်ကနဲ ဖြစ်သွားလိုက်၊ အေးကနဲ နွေးကနဲ နဲ့ တနေ့ ထဲကို ဥတု သုံးပါးအပြောင်းအလဲတွေ ခံစားနေကြရသလိုလိုပါပဲ ။တချိန်ထဲ တပြိုင်ထဲမှာ ပူလိုက် အေးလိုက် ရာသီဥတု အပြောင်းအလဲ တွေ မြန်လွန်းတာကြောင့် လူအများမှာလည်း တုပ်ကွေးရာသီ နဲ့ အတူ တုပ်လိုက်ကြ ကွေးလိုက်ကြ ဖြစ်နေကြပြန်ပါတယ် ။ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ”လို့  မေတ္တာပို့ဝေ ပွားများနေသူများ ရှိသလိုပဲ ၊ လူအချင်းချင်းမှ မလှည့်ပတ်ရရင် အိပ်မပျော် စားမဝင်ဖြစ်တတ်သူများလည်း အများအပြားပါပဲ ။
လိမ်ညာ လှည့်စား တယ် ဆိုတဲ့ ဝေါဟာရ မှာ လိမ်ညာတာ(Lie) နဲ့ လှည့်စားတာ(Trick)ကို အတူတူ တွဲထားပေမဲ့ သဘောသဘာဝချင်းတော့ လုံးဝဥဿုံ တူလှတယ် မထင်မိပါဘူး။ကိုယ့်အယူအဆ ကိုယ်ပြောပြရရင်တော့ လိမ်ညာတယ်ဆိုတာက မရှိတဲ့အရာတခုကို ရှိသယောင်နဲ့ တဖက်သားကို အယုံသွင်း ကလိမ်စေ့ငြမ်းဆင် ကိုယ့်အတွက် ရသလို ရအောင် လုပ်ယူတာ ကြံဆောင်တာမျိုး ၊ လှည့်စားတယ် ဆိုတာ ရှိနေတဲ့ အရာတခုကို ထင်ယောင်ထင်မှား ဝိုးတဝါးဖြစ်အောင် ကြံဆောင်ပြီး လှည့်ပတ် သွားတာ မျိုး လို့  ထင်တာပဲ ။ဘယ်လိုပဲ ဖြစ်ဖြစ် လိမ်ညာ ဟန်ဆောင် လှည့်စား တယ် ဆိုတာ ဘယ်တခုမှ မကောင်းပါဘူးး။

ဒီလပိုင်း ရက်ပိုင်တွေ အတွင်းမှာ ကိုယ်တို့တတွေ လူတဦး ၊ အဖွဲ့ အစည်းတခု ရဲ့ လှည့်စားခြင်းကို ခံနေရတယ်လို့ ထင်ပါတယ် ။ သူ မလိမ်မညာပါဘူး ။ ပြောတော့ ပြောပါတယ် ။လုပ်တော့ လုပ်ပါတယ် ။ဒါပေမဲ့ အများ မျှော်လင့်တောင်းတနေသလိုမျိုး အပြည့် အဝ လုပ်မပေးခဲ့ပါဘူး ။ ပြောသလို မလုပ်ဘူးပေါ့ ။ ၆၃၅၉ ဂဏန်း အတိတ်စိမ်းပေးထားပြီး တကယ့် ဖွင့်ဂဏန်းက ၂၁၈ လိုလို၊၂၀၇ လိုလို ဖြစ်သွားတဲ့ လှည့်စားမှုတမျိုး ကျတော့ နားလှည့်ပါးရိုက်သလို မျိုးမို့  သိသိကြီးနဲ့ အောင့်သက်သက် ခံရခက်လှတယ် ။ဒုစရိုက် နဲ့ သုစရိုက် သမားတွေ အချိုးချကြည့်ရင် ဘယ်သူပိုများမလည်းဆိုတာ တွေးကြည့်ရုံနဲ့  သိသာပါတယ် ။ ထားပါတော့ ။ ဒါက သူတပါးက ကိုယ့်အပေါ် လှည့်စားချက်တွေ ။ခံရခက်ပေမဲ့လည်း ခံကြပေအုံးတော့ပေါ့ ။ အချိန်တန် နပိန်ကန် မယ် ဆိုတော့ ၊ နွားပိန်လေး လာကန်မဲ့ အချိန်ကိုပဲ မျှော်တလင့်လင့်နဲ့ စောင့်ကြပေရအုံးမယ်။

သူတပါး ကိုယ့်အပေါ် လှည့်စားသွားတော့ ခံရခက်ကြီးတဲ့ ။ ဒီလိုဆိုတော့ ကိုယ့် ဖာသာကိုယ် လှည့်စားနေကြတာများရော မရှိကြတော့ဘူးလား ၊ ခံရခက်ကြီး မဖြစ်ကြတော့ဘူးလား ။ ဟင့်အင်း ၊ မဖြစ်မိပါဘူး ။ ဘာလို့လည်းဆိုတော့ မသိလိုက်လို့ပေါ့ ။
တခါတရံတော့လည်း သိနေသားပဲ ၊ဒါပေမဲ့ ကိုယ့်ဟာကိုယ်လှည့်စားပြီး ကျေနပ်သလိုတောင် ဖြစ်နေသေးတယ် ။
နားရှုပ်အောင် ပြောလိုက်လို့ နားရှုပ်သွားမယ် ။ ဒီလိုပါ ။ ဥပမာ ပေးရရင် ၊ အလွန်ဝသော အမျိုးသမီးတယောက် တနေ့ တခြား ပို ပို ဝ လာ တယ် ။သူများတွေက ..ဟယ် ၊ မတွေ့ တာကြာပြီ ၊ နဲနဲ ပိန်သွားသလိုပဲ နော် ... ဆိုတော့ ကျေနပ်လို့ပဲ ။ကြည်နူးလို့ပဲ ။ ညာပြောမှန်း မြှောက်ပင့်ပြောမှန်း သိပေမဲ့ နဲနဲ တော့ ကျေနပ်မိသွားမှာပဲ ။ ( တချို့တလေကျတော့ ဒါ ငါ့ကို သက်သက် ရွဲ့ပြော စောင်းပြောနေတာပဲဆိုပြီး မကျေမနပ်ဖြစ်မိမှပါပဲ ) ။ ဒီတော့ သူ ဘာလုပ်သလည်း ။ ဝိတ်ချမယ် ..ဝိတ်ချမယ် ပေါ့ ...တချို့ စိတ်ဓါတ်ခိုင်မာသူတွေကတော့ မဖြစ်မနေ ဝိတ်ချလို့ ရတယ် ။တကယ်လည်း အောင်မြင်သွားတယ် ။( ပြတ်သားတဲ့ သူတွေများ ဘယ်လောက်ထိ ပြတ်သလည်း မပြောနဲ့ ၊ ပုပ်သွားတဲ့ အသီး၂လုံး နဲ့ ပျက်သွားတဲ့ ဂေါ်တပြား ကို ချက်ချင်းပဲ ပြတ်စဲပလိုက်တယ် ။ ဒါမျိုး စိတ်ဓါတ် သဘောကျလို့ မဆုံးဘူး )။ တချို့ ကျတော့ ပါးစပ်ကသာ ပိန်ချင်တယ်၊ ဝိတ်ချမယ် ပြောပြီး .. အင်း..ဇွဲမရှိတော့ ဘယ်လိုလုပ်ပြီး ဒီဝိတ်ကြီး ကျ ပါ့ မလည်း လေ ။ ဒီတော့ သူ့ ဟာသူပဲ စိတ်ဖြေတဲ့နည်း သုံးတယ် ။ကိုယ့်စိတ်ကိုယ် လှည့်စားပြီး ကျေနပ်လိုက်ကြတယ် ။ပြီးခဲ့တဲ့ တလ ကထက်စာရင် ၁ပေါင်လောက်ကျလာတာပဲလေ... တဲ့ ။ လွန်ခဲ့တဲ့ ၄ လ အတွင်း ၁၀ ပေါင် တက်လာတာကိုတော့ မသိကျိုးကျွန်ပြုထားလိုက်တော့ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းလည်းနော် ။ဒီတရက်တော့ စားချင်တာလေး ဆက်စားလိုက်အုံးမှ ၊ နောက်တော့မှ ချတာပေါ့ ..တဲ့ ။ (လွှတ်တော်တက်သူတွေထဲက ဒီစိတ်ဓါတ် ဘယ်နှစ်ယောက် ပါမလည်း ။ သိဘူး ၊ လာမမေးနဲ့  ) ဒီလိုပါပဲ ။ လောကကြီးမှာ နေတတ်ရင်ကျေနပ်စရာတွေပဲပေါ့ ။
ထားပါတော့ ။ ဒီဥပမာကလည်း သိပ် မကောင်းသလိုပဲ ။ပြောချင်တာလည်း ဒါရိုက်ဟစ် မပြောရဲ..အဲလေ.. မပြောချင်တော့တာမို့  ကိုယ့် ကိုယ်ကိုယ် လှည့်စားခြင်း ဆိုတဲ့ အကြောင်းအရာ ကို ပဲ ဆက်ကြရအောင် ။

Illusion “ အီလူးရှင်း”ဆိုတဲ့ ဝေါဟာရ ၊ မြန်မာလို အတိအကျ ပြောရတာတော့ ခက်သလိုပဲ၊ အနီးစပ်ဆုံးပြောရရင်တော့ “ထင်ယောင်ထင်မှားဖြစ်ခြင်း ”ပေါ့။ အဲ့လို ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်တဲ့သူကိုတော့ Illusionist လို့ခေါ်ပါသတဲ့ ။ မျက်လှည့်ဆရာ ပေါ့ ။ David Copperfield ဆိုသူကတော့ ကမ္ဘာကျော် illusionist သို့မဟုတ် magician တယောက်ပေါ့ ။ သူ့ အတတ်ပညာ မျက်လှည့်ပြကွက်တွေ ဟာ အံ့သြဘွယ်ကောင်းလောက်အောင် သေသပ်လှတာမို့ သူ့ ကို လူလိမ်လူညာ လို့  ဘယ်သူမှ မပြောနိုင်ကြဘူး ။ သူ့ ရဲ့ လှည့်စားမှု ပြကွက်တွေကိုတောင် ခံစားကြည့်ချင်လွန်းလို့  ငွေကုန်ကြေးကျခံပြီး ကြည့်ကြရတယ် ။သူဟာ လစ်ဘာတီ ရုပ်တုကြီးကို ပျောက်သွားအောင် လုပ်ပြနိုင်သတဲ့။ ဂရိတ်ဝေါကြီးကို ထိုးထွင်း လျှောက်ပြနိုင်သတဲ့ ။ ဒါကတော့ ချွင်းချက်တခုအနေနဲ့ ထားရပေလိမ့်မယ် ။ သူက ပညာရှင်ကြီးကိုး ။ဘယ်သို့ ဘယ်ပုံ လုပ်လိုက်သနည်းဟုတော့ ကျွန်ုပ် မသိ ။ အခွေတွေထဲမှာ ကြည့်ရတာတော့ အလွန်ကောင်းပေ၏။ သူ့အကြောင်း အသေးစိတ်သိလိုရင်တော့ အွန်လိုင်းမှာ ရှာကြည့် ။ ဒီနေရာမှာတော့ သူ့ ရာဇဝင် ရှိလေ၏

သူ့ လို လျှမ်းလျှမ်းတောက် မဟုတ် ကမ္ဘာမကျော် ပေမဲ့ မြန်မာကျော်တဲ့ အီလူးရှင်းနစ် တွေလည်း မြန်မာပြည်မှာ တပုံကြီး ရှိ တယ် ။ ဧရာဝတီကြီးကို အသွင်ပြောင်းပြီး အိပ်ထောင်ထဲ ထဲ့ထားလိုက်တာတို့ ၊ နာဂစ်တုံးက အသက်မဲ့သွားတဲ့သူတွေ မဲ ထပြီးပေးကြတာတို့  ။ အဲ့လို စွမ်းဆောင်နိုင်ကြသူတွေ တပုံကြီးပါ ။ ဘာလို့ ကမ္ဘာမကျော်ကြတာလည်း ၊ ကိုယ့်ဦးနှောက် သေးသေးလေးနဲ့ စဉ်းစားလို့ကို မရဘူး ။

ဒါလည်း ထားလိုက်တော့ ဦးနှောက်သေးလို့  မစဉ်းစားချင်တော့ဘူး ။ ဒီတော့ ထင်ယောင်ထင်မှား မြင်တတ်တာတွေကိုပဲ ပုံလေးတွေနဲ့ ဥပမာ ပြ တော့မယ် ။ “မျက်စိအကြည်” အခံဓါတ် နဲ့  “အဆင်း” အတိုက်ဓါတ် တို့ တိုက်တော့ “ မြင်စိတ်” အပွင့်ဓါတ် ဖြစ်တယ်လို့  တရားသဘောမှာ ရှင်းပြထားတာ သိကြပါလိမ့်မယ် ။ လောကဓါတ် သိပ္ပံသဘောအရလည်း အရာဝတ္ထု တခုပုံရိပ်ဟာ ၊ အလင်း အမှောင် အပေါ်တည်ပြီး ၊ မျက်စိ မြင်လွှာပေါ် ကျရောက်လို့ ပုံရိပ်ကို မြင်ကြရတယ်လို့ သတ်မှတ်ထားကြပါတယ် ။ပုံရိပ်မှာလည်း ပုံရိပ်အစစ်နဲ့ ပုံရိပ်ယောင်ဆိုတာတွေ ရှိကြပါသေးတယ် ။ အဲဒီအထဲကမှ“Optical Illusions” ပုံရိပ်ယောင်တွေကို ဘယ်ပုံဘယ်နည်း မြင်ကြရသလည်း၊ ဘယ်လိုပုံနဲ့ မြင်ကြရသလည်း၊ ဘာကြောင့် မြင်ရတာလည်း ဆိုတာတွေကို စာအနေနဲ့ ရှင်းပြထားကြတာတွေလည်း အများကြီးရှိပေမဲ့ ရူပဗေဒ သဘောတွေကို သိပ်တော့ နားမလည်လှဘူး ။ ဒီတော့ ရုပ်ပုံလေးတွေ အနေနဲ့ ကြည့်ကြရအောင် ။ အပျင်းလည်းပြေ ပညာလည်းရ ပေါ့ ။ ဒါပေမဲ့ မျက်စိညောင်းမှာ တော့ သေချာတာမို့  တကြိမ်တခါထဲ နဲ့ အားလုံးကို မကြည့်ကြစေလိုပါ ။

ကဲ.. စ မယ်..။ ပုံတွေ မကြည့်ခင် မျက်စိကို အနားပေးတဲ့ အနေနဲ့ ခပ်ဝေးဝေးတနေရာကို ခဏလောက် အရင်ကြည့်လိုက်ပါ ။

ဒီပုံကတော့ ရုတ်တရက်ကြည့်ရင် လက်ဗွေရာတခု ။ သေချာကြည့်ရင်တော့ မိန်းကလေး ပုံရိပ် ပါ ။

အလားတူပါပဲ ။ လက်ဗွေရိပ် မှာ ခွေးရုပ်ပုံရိပ်ကို ထဲ့ထားတာပါ ။လွယ်ကူပါတယ် ။ ချက်ချင်း မြင်ရတယ် မဟုတ်လား။ မမြင်ရင်တော့ တခုခု ဖြစ်နေပြီ။း)

ဒါကတော့ စက်ဝိုင်းပုံ တွေကို အသေး အကြီး အဝိုင်းလိုက် ရစ်ပြီးထပ်ဆွဲထားတဲ့ အပေါ်မှာ စတုရန်းလေးထောင့်ပုံ မျဉ်းကြောင်းအဖြောင့်၎ချောင်း ။ ကြည့်ရင်း နဲ့ အလယ်မှာ နဲနဲ ကောက် ချိုင့် လာပါမယ် ။

အမဲရောင် အထစ်လိုင်းတွေ ပေါ်မှာ ဆွဲထားတဲ့ ကန့်လန့်ဖြတ် အပြာ လိမ္မော် အဝါ အဖြောင့်လိုင်းတွေကို ကြည့်နေရင်းနဲ့ လိုင်းဖြောင့်တွေပါ မြွေလိမ်မြွေကောက်လို့  တွန့် လာပါလိမ့်မယ် ။ အကောက်အကွေးတွေ ကြားမှာ ရှိနေရတဲ့ အဖြောင့် ဆိုတာကြီးခမျာမလည်း ကြာကြာတောင့်မခံနိုင်ပါဘူး။ပါတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် ပုံသဏ္ဍန်ပြောင်းတတ်တယ် ဆိုတာ သတိပြု စေချင်ပါတယ် ။ ( မည်သူ့ ကိုမျှ ရည်ရွယ်ခြင်းမဟုတ်ပါ ဆိုလျှင် မုသားစကား ဖြစ်ပေတော့မည်.. )

ဒီပုံကကိုတော့ နဲနဲ အချိန်ယူကြည့်ရပါမယ် ။( ကြည့်ဖူး မြင်ဖူးသူများလည်း ရှိပါမယ် ။ မြင်ဖူးသွားရင်တော့ မြန်ပါတယ် )။ အလယ်က အစက် ၄စက်ကို စက္ကန့် ၃၀ မျှ စူးစိုက်ပြီးကြည့်ပါ ။ ပြီးရင် ဗြောင်ဖြစ်နေတဲ့ အခန်း နံရံ သို့မဟုတ် မျက်နှာကျက် စတဲ့နေရာသို့  လွှဲပြောင်းပြီးကြည့်လိုက်ပါ ။ Jesus ပုံရိပ်ဟာ အာရုံမှာ ထင်လာပါလိမ့်မယ် ( အလားတူ ပုံတွေ အများကြီး ရှိပါသေးတယ်၊) ။ခေါင်းမူးသွားမှာစိုးလို့ တစ်ပုံပဲ ပြထားပါတယ်။

ဒီအောက်က ပုံတွေကတော့ ပန်းချီဆွဲသူရဲ့ စိတ်ကူးကောင်းပုံ လက်ရာမြောက်ပုံများကို ပြထားတဲ့ ပုံရိပ်တွေ ဖြစ်ပြီး သင့်မျက်စိ ဘယ်လောက် လျှင်သလည်း ဆိုတာ စမ်းသပ်လို့ ရပါတယ်။
။ ဆင်ပုံ နဲ့ အခြားတိရစ္ဆာန်တွေ ထပ်ပြီးဆွဲထားတာပါ ။ ဘယ်နှစ်မျိုး တွေ့ ရှိပါသလည်း ။ အကောင် ၆ မျိုးထက် ပိုတွေ့ သူများ တိတ်တိတ်လေး ပြောသွားကြပါအုံး..း)

ရုတ်တရက်ကြည့်ရင် သာယာလှပတဲ့ ကမ်းစပ်မှာရပ်နေကြတဲ့ ချစ်သူနှစ်ဦး ပေါ့ ။ သေချာကြည့်လိုက်ရင် ကလေး သန္ဓေသားပေါက်လေးတယောက်လည်း ရှိနေပါတယ်။

ရုတ်တရက်ကြည့်ရင် အဖိုးကြီးနဲ့ အဖွားကြီး မျက်နှာချင်းဆိုင်နေကြတဲ့ပုံ ။ သေချာကြည့်တော့ အတွင်းမှာ ထိုင်နေတဲ့ လူရွယ်၂ယောက် နဲ့ မတ်တပ်ရပ်နေသူတယောက် ရှိပါသေးတယ်။

3 D ပုံရိပ် တွေထဲက တခုပါ ။ ပန်းချီပညာရှင်တွေရဲ့ အံ့မခမ်း လက်ရာတွေကို နိုင်ငံရပ်ခြား တိုင်းပြည်များမှာ လူသွား လမ်းပေါ်မှာ ၊ပလက်ဖေါင်းပေါ်မှာ ဆွဲထားကြတဲ့ပုံတွေ မြင်ရတာကို အားကျမိပြီး ကိုယ့်ပြည် ကိုယ့်မြေ က နေရာကွက်လပ်ကြီးတွေမှာ ဒီလိုလက်ရာမျိုးတွေ ကိုယ်တိုင် ကိုယ်ကျ မြင်လိုစိတ်ပေါ်လာမိတယ် ။စိတ်ကူးထဲကို ပုံဖေါ်ရရင် .. ပြည်သူ့ လွှတ်တော်ရင်ပြင်တော်ကြီးပေါ်မှာ ထိတ်လန့်စရာ ချောက် ကမ်းပါးကြီးတွေ ချိုင့်ခွက်ကြီးတွေ ..ပုံရိပ်တွေ ဆွဲထားတာမျိုးပေါ့ ။ဒါမှ ပြောနေကျ လက်သုံးစကား၊ မကြာခဏ ကျခါနီး ဖြစ် ဖြစ်သွားတတ်တဲ့ ချောက်ကမ်းပါးဆိုတာကြီးကို ရွှေပြည်သားများ မျက်ဝါးထင်ထင် မြင်တွေ့ ဖူးရတော့မှာပေါ့။ ခုလောလောဆယ်မှာတော့ ကတ္တရာ လမ်းမတွေပေါ်က အော်ရီဂျင်နယ် 3D ဂလှိုင်ပေါက်ကြီးတွေ ကိုပဲကြည့်ထားလိုက်ကြပါစို့  ။)
အသူရကယ် ငရဲပြည် အဝီဇိ ၈ ထပ်ဆို ဒီထက် အပုံကြီး နက်မှာပဲ ပေါ့။ ဘယ်သူတွေ သွားကြမယ် မသိသလို သိသလို နဲ့ ကိုယ်မပါအောင် အားထုတ်ရအုံးမယ် ။ အချိန်မှ မှီပါတော့ မလား ။

ဒါကတော့ ၂ ခုစလုံးက ပုံရိပ်အစစ်တွေပါပဲ ။ အစစ်၂ခုကို ထပ်ပြီး စိတ်ကိုလှည့်စားလိုက်တော့လည်း တမျိုးတမည် ထင်ရတာပေါ့ ..း) ။

ဒီပန်းချီဆရာလည်း တော်ပါတယ်။ ဗမာပြည်ကြီးကိုချစ်လွန်းလို့  သူ့ နာမယ်ထဲ ထဲ့သုံးထားတဲ့ ဒီလူကြီး ။ သူ့ ပုံကို ဒီလိုလုပ်ဆွဲတော့လည်း ဘာမှ မပြောရှာဘူး။ တို့ပြည်ကြီးက ခေါင်းဆောင်ကြီးတွေပုံကိုလည်း ဒီလိုဆွဲပြီး လူရှေ့ မှာ ရပ်ပြလို့ ရမဲ့ အချိန် သိပ်မဝေးတော့ဘူး လို့  ထင်တာပဲ။ ခုတောင် ငြိမ်းချမ်းစွာ တန်းစီ လှည့်လည်ဆန္ဒ ဖေါ်ထုတ်လို့ ရတော့မယ် ဆိုတဲ့သတင်းကြားနေရပြီ ။“ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ကြမ်း”တဲ့။ အသေးစိတ်ကို ဒီမှာ ကြည့်လို့ ရပါတယ် ။အကယ်၍သာ ..အကယ်၍သာ ဒီဥပဒေကြမ်းကြီး အတည်ပြုပြီးသွားရင် .. ဘယ်သူ့ ပုံ ကို အရင်ဆွဲပြကြမလည်း ။ မော်ဒယ် လုပ်လိုသူများရှိပါက မတ်စိ ထားခဲ့ နိုင်ပါတယ်။ အခြေအနေပေးတဲ့ အခါ ဆက်သွယ် လို့ ရအောင် ပါ ။

Stereogram image အမျိုးအစားထဲက ပါ ။ ပုံရိပ်ယောင်တွေ ထဲမှာ သဘောအကျဆုံး အမျိုးအစား ပါ ။ကြည့်လို့  မထွက်ခင်ကတော့ ဘယ်လိုမှ ဆွဲဆောင်မှု မရှိပေမဲ့ ကြည့်လို့ မြင်သွားပြီးနောက်ပိုင်း အမြင်အာရုံထဲမှာ ပေါ့ပါးလွင့်မြောသွားသလိုခံစားရတယ် ။ ကြည့်နည်းက တော့ ဒီလို။ ပုံရဲ့ အပေါ်ထိပ်ပိုင်းက အနီရောင် အဝိုင်းစက် ၂ ခု ကိုသေချာ စိုက်ကြည့်ပါ ။သူ့ ကို အဝိုင်း ၃ စက် အနေနဲ့ မြင်လာရတဲ့ အခါမှာ အောက်ဖက်ရွှေ့ ပြီး တပုံလုံးကို ဖြန့်ကြည့်လိုက်တဲ့အခါ အဖေါင်းအမို့ အချိုင့်တွေ ထဲမှာ ရောင်စုံ ဝိုင်းလေးတွေကို စိုပြေစွာတွေ့ ရပါမယ်။

အပေါ်ကပုံနဲ့ အလားတူပါပဲ။

တကယ်လို့ ခေါင်းမမူးသေးဘူး ဆိုရင်တော့ ဒီပုံလေးကိုဆက်ကြည့်လိုက်ပါ ။ အရက်မူးသမားတွေရဲ့ အမြင်လိုပါပဲ ။ အရိပ် နှစ်ထပ် တွေ ဖြစ်နေ တယ် ပေါ့

ပုံတွေကြည့်ပြီး မျက်စိလည်း အတော်ညောင်းလောက်ပြီ ။ သင့်မျက်စိ တကယ်ပဲ ညောင်းသွားပြီလား ဆိုတာ ဒီအောက်က ပုံအနည်းငယ်ဆက်ကြည့်ပြီး စမ်းသပ်လို့ရပါတယ် ။
အစိမ်းရောင်စက်ဝိုင်းကြီးအလယ်တဲ့တဲ့မှာ ရှိတဲ့အပြာရောင်အဝိုင်းလေးကိုသေချာစူးစိုက်ကြည့်နေပါ ။ အပြာရောင် အဝိုင်းလေးက တဖြေးဖြေး သေးငယ်လာပြီး ပျောက်ကွယ်သွားမယ် ဆိုရင်တော့ သင့်မျက်စိ မောပန်းညောင်းညာနေပြီ ဖြစ်တာမို့  အနားပေးသင့်ပါပြီ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
မိမိကိုယ်ကို လှည့်စားခြင်းလည်း ကင်းဝေးကြပါစေ ...

အမျိုးသမီးတွေ ဘာကြောင့် ကားမမောင်းသင့်တာလဲ ?



အောက်ကပုံတွေကြည့်လိုက်ရင် ရှင်းသွားမှာပါ ။ ဆင်ဟွာ သတင်း ဌာနက ဖော်ပြထားတဲ့ အမျိုးသမီးတွေ ကားမောင်း ပုံလေးတွေ ကျနော်တို့ ကြည့်ကြရအောင် ။ ကိုယ့်လူတို့ ကောင် မလေးတွေ မောင်း တဲ့ကားစီး မယ်ဆိုရင်တော့ သတိသာထားပေတော့ :P














သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, 29 August 2011

ဆေးခန်းတွေက အင်တာနက်အစွဲကို ဖြတ်ဖို့ ကြိုးပမ်းနေ။

တောင်ကိုရီးယားနိုင်ငံက ၁၆နှစ်အရွယ်ကောင်လေး ချွိုင်ဟာ သူ့ရဲ့ အချိန်ကို ကွန်ပျူတာဂိမ်းကစားခြင်းဖြင့် ကုန်ဆုံးစေပါတယ်။ Sessionတခုဆိုရင် ၁၀နာရီကြာအောင် ကစားလေ့ရှိပါတယ်။ အခုအခါ သူဟာ အခုနှစ်မေလအစောပိုင်းမှ ပထမဆုံး စတင်ဖွင့်လှစ်တဲ့  အဆိုပါရောဂါစွဲကပ်နေသူများအတွက် ဦးနှောက်နှင့်ဆိုင်ရာဆေးခန်း၌ ဆေးကုသမှုခံယူလျက်ရှိပါတယ်။

တကယ်တော့ အင်တာနက်အစွဲဟာ ရာဇဝတ်မှု ကျူးလွန်ခြင်းမဟုတ်ပါ။ ဒါပေမယ့် မိဘများဟာ မိမိတို့ကလေးတွေ အဲဒီရောဂါစွဲကပ်လာပါက မရှက်ဘဲ သိပ်နောက်မကျခင် ဆေးရုံကို အချိန်မီပြသဖို့ လိုပါတယ်။ အဆိုပါဆေးရုံ၌ ၅ပတ်ကြာကုထုံးအစီအစဉ်မှာ အုပ်စုလိုက်လေ့ကျင့်ခြင်း၊ အနုပညာအသက်မွေးဝမ်းကြောင်းဆိုင်ရာကုထုံး၊ အာရုံကြောတုံ့ပြန်မှုနဲ့ စိတ်ဓါတ်ကျဆင်းမှုကို ကုသရာ၌ အသုံးများတဲ့ လျှပ်စစ်သံလိုက်လိုင်းဖြင့် ဦးနှောက်ရှိ အာရုံကြောဆဲလ်များကို လှုံ့ဆော်ပေးခြင်းတို့ ပါဝင်ပါတယ်။ ကုသမှုမစတင်မီ လေ့လာသုံးသပ်ခြင်း၊ ဦးနှောက်ပုံရိပ်စကမ်ဖတ်ခြင်းနဲ့ စိတ်ပညာဆိုင်ရာစမ်းသပ်ခြင်းတို့ ပြုလုပ်ပါတယ်။

အဆိုပါစမ်းသပ်မှုနဲ့ကုထုံးဟာ ကိုရီးယား ဝမ်၆၃၀၀၀၀(အစိုးရအာမခံအပါအဝင်)ဖြစ်ပြီး အစိုးရအာမခံမပါဝင်ပါက ဝမ်၁၉၄၀၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အခုအခါ တောင်ကိုရီးယားနိုင်ငံ၌ အဆိုပါဆေးရုံမျိုးကို ကလေးငယ်များအတွက်သာမက လူကြီးများအတွက်ပါ ဖွင့်လှစ်ပေးနေပါတယ်။

ချွိုင်က အွန်လိုင်းကနေဂိမ်းကစားရတာ စိတ်လှုပ်ရှားဖွယ်၊ စိတ်သက်သာပျော်ရွှင်ဖွယ်ကောင်းပါတယ်။ ဘယ်သူမှမနှောက်ယှက်ပဲ ကစားနေဖို့ တချိန်လုံးတွေးနေပါတယ်လို့ ဆေးရုံမှာ ပြောပြပါတယ်။ ၉နှစ်သားအရွယ်ကတည်းက စတင်စွဲလန်းတပ်မက်လာခဲ့ပါတယ်။ သူ့မိဘအခန်းရဲ့ ပြတင်းပေါက်ကို အပေါက်ကလေးဖောက်ပြီး သူတို့သော့ခတ်ပြီးထွက်သွားတဲ့အခါ ကွန်ပျူတာကစားပါတယ်။ တခါတလေ ပိုက်ဆံခိုးပြီး အင်တာနက်ကဖေးဆိုင်မှာ နာရီပေါင်းများစွာကြာအောင် ကစားပြီး အသင့်စားခေါက်ဆွဲပြုတ်များကို အဆာပြေစားလေ့ရှိပါတယ်။

မနှစ်က ၃၁နှစ်အရွယ်လူတယောက်ကို သူ့မိဘများက နားချိန်ထည့်မတွက်ဘဲ နာရီပေါင်း၇၈၀ကြာအောင် အင်တာနက်ကဖေးဆိုင်မှာ ဂိမ်းကစားတဲ့အတွက် ဆေးရုံကို ခေါ်လာခဲ့ပါတယ်။ အလားတူ အင်တာနက်ဂိမ်း တနေကုန်တနေခမ်းကစားတဲ့အမေဟာ သူမရဲ့သုံးနှစ်သားကလေးကို လျစ်လျူရှုမိပြီး သေဆုံးသွားတဲ့အတွက် အဖမ်းခံရပါတယ်။ ဒါ့အပြင် ၁၅နှစ်အရွယ်ကောင်လေးဟာ သူ့အမေက ကွန်ပျူတာဂိမ်းကစားလွန်းလို့ သူ့ကိုဆူဆဲမိတဲ့အတွက် သူ့အမေကို သတ်ပြီး သူကိုင်တိုင်လည်း သတ်သေခဲ့တဲ့သာဓကလည်းရှိပါတယ်။


အလွန်ကြေကွဲဖွယ်ရာဖြစ်ရပ်တခုကတော့ ၄၁နှစ်အရွယ်လူတယောက်ဟာ သူတို့ရဲ့ သမီးငယ်လေးကို အိမ်မှာထားခဲ့ပြီး သူ့မိန်းမနဲ့အတူ အင်တာနက်ကဖေးဆိုင်မှာ ကစားနေစဉ် ကလေးဟာ အစာရေစာပြတ်လပ်ပြီး သေဆုံးသွားတဲ့အတွက် ဖခင်ကို ထောင်ဒဏ်၂နှစ်ချမှတ်ခဲ့ပါတယ်။

စစ်တမ်းကောက်ယူချက်များအရ အသက်၉နှစ်နဲ့ ၁၉နှစ်ကြား လူငယ်များဟာ အင်တာနက်ဂိမ်းစွဲရောဂါ စွဲကပ်နေကြပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံမှာ အခုနှစ် နိုဝင်ဘာလမှ စတင်အကျိုးသက်ရောက်မယ့် တင်းကြပ်တဲ့ဥပဒေအရ ကွန်ပျူတာဂိမ်းကုမ္ပဏီများကို အသက်၁၆နှစ်အောက်လူငယ်များအား သန်းခေါင်ချိန်နဲ့ မနက်၆နာရီကြားကစားခြင်းမှ တားမြစ်ပေးဖို့ သတိပေးစာများကို ဖြန့်ဝေလျက်ရှိပါတယ်။
 
 

ပုလဲနှင့်ကျန်းမာရေး

ပုလဲနှင့်ကျန်းမာရေး



ပုလဲဟာ အသက်ရှင်နေတဲ့ အခွံပါတဲ့ ကမာကောင်လေးတွေရဲ့ တစ်ရှူးအနုသားလေးတွေမှာ ဖြစ်ပေါ်တဲ့ အမာ ပစ္စည်းတစ်ခုဖြစ်ပါတယ် ။ ကမာကောင်လေးတွေရဲ့ အခွံမာကဲ့သို့ပဲ အလွန်သေးငယ်တဲ့ crystalline ပုံစံလေးတွေ နဲ့ calcium carbonate နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ အရစ်အခွေ အလွှာလေးတွေ နဲ့စုပေါင်း ထားခြင်းဖြစ်ပြီး တကယ့်ပုလဲဟာ နူးညံ့ချောမွတ်ပြီး လုံးဝန်းပါတယ် ။ ဒါပေမယ့်လည်း တခြားပုံစံ ပုလဲတွေ လည်းရှိပါတယ် ။ တကယ့်အဖိုးတန်တဲ့သဘာဝ ပုလဲတွေ ဟာ ကျောက်သံပတ္တမြားတွေ ထက်ပိုပြီးအဖိုး တန်ပါ တယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလှအပရေးရာအတွက် ဆင်မြန်းခဲ့ကြပြီး ပုလဲတွေရဲ့ တန်ဖိုး ဟာလည်းအချိန်တွေကြာလာတာနဲ့အမျှ မြင့်သထက် မြင့်တက်လာခဲ့ပါတယ် ။

ပုလဲရိုင်းတွေဟာ တန်ဖိုးရှိသလောက် ရှားလည်းရှားပါးပါတယ် ။ သူတို့ကို သဘာဝပုလဲလို့လည်းခေါ်ကြပါတယ် ။ ကမာကောင်တွေ ကနေ ပုလဲကို ထုတ်လုပ်ယုံသာမကပဲ သူတို့ရဲ့အခွံကိုအသုံးပြုပြီးလဲ ကနုမာ နဲပ တခြား ယောက် သွားကဲ့သို့ လူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း ထုတ်လုပ်သုံးစွဲလာခဲ့ကြပါတယ် ။ တန်ဖိုး နည်း ပုလဲတုတွေကိုလည်း လက်ဝတ်ရတနာ အဖြစ်ဆင်မြန်းဖို့ထုတ်လုပ်လာကြပါတယ် ဒါပေမယ့် အရည် အသွေး ကတော့ ပုလဲအစစ်တွေနဲ့ မယှဉ်နိုင်လောက်အောင်ကွာခြားလွန်းလှပါတယ် ။ ပုလဲကို ကမာကောင်မွေး မြူ ခြင်းအားဖြင့်ထုတ်လုပ်လာကြသလို အလှအပရေးရာအတွက်သာမကပဲ ကျန်း မာရေး ရှူထောင့် အနေနဲ့ပါ အမျိုးမျိုးအသုံးပြုလာကြတာကိုတွေ့ရပါတယ် ။ Gracian gemologist တစ်ဦးဖြစ်တဲ့ Pliny က သူ့ရဲ့ ထင်ပေါ်ကျော်ကြား တဲ့စာအုပ်ဖြစ်တဲ့ Natural History that those two pearl were worth an estimated 60 million sesterces ဆို့စာအုပ်ထဲက ပုလဲနှစ်လုံးဟာဆိုရင် ယနေ့ပေါက်ဈေးနဲ့ဆိုရင် 28 million dollars တောင်တန်ပါသတဲ့ ။ ကဲ ဒါဆိုရင် ပုလဲရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့အချက်တွေကို ဆက် လက်လေ့ လာကြည့်ရအောင် ။



လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက တရုတ်ပြည်က မိသားစုတွေဟဟာ ပုလဲကို ကျန်းမာရေး အလှအ ပရေးရာ အသက်ရှည်စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုခဲ့ကြပါတယ် ။ အေဒီ ၆၂၅ မှ ၇၀၅ အတွင်း တရုတ် အင်ပါယာ ကို ဦးဆောင်ခဲ့တဲ့ (တစ်ဦးတည်းသော အမျိုးသမီး ) Wu Ze Tian ဟာ ပုလဲ အမှုန့်ကို ပုံမှန်သုံးခဲ့ ပါတယ် ဒါ့အပြင်ပုလဲပါဝင်တဲ့ ခရင်မ်တွေကိုလည်း အရေပြားမှာ အမြဲလိမ်းချယ်ခဲ့ပါတယ် ။ သူမအသက် ၆၅ နှစ် အရွယ်ရောက်တဲ့အခါ သူမရဲ့ အရေပြားဟဟာ ငယ်ရွယ်စဉ်ကကဲ့သို့ တောက်ပြောင်ဝင်းလက်နေတုန်းပါပဲ ။ သူမရဲ့ အလှဟာလည်း တရုတ်ရိုးရာ ဒဏ္ဍာရီတွေမှာ ပြောစမှတ်တွင်ခဲ့ရပါတယ် ။ အန္ဒိယမှ ရှေးဟောင်းပညာရှင် Ayurvedic ဟာလည်း ပုလဲမှုန့်ရဲ့ ကျန်းမာရေးအပေါ်အကျိုးရှိမှုတွေကို အကျယ်တ ၀င့်စာရေး သားဖော်ပြဖူး ပါတယ် ။ Archaeologists တွေဟာ လူ့ရဲ့သွားကို ပုလဲ ဖြည့်သွင်းခြင်းအားဖြင့် သာမန် သွားအစစ် နဲ့ ယှဉ်လို့ရအောင်တူညီတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။

ပုလဲမှုန့် ( Pearl Powder ) ၏ အကျိုးများ



ခေတ်ပေါ် သိပ္ပံပညာရှင်တွေက သဘာဝ ဖြည့်စွက် အရာတွေဟာ သင့်ရဲ့ သက်တမ်းကို သင်ထင် ထားတာ ထက်ပိုပြီး နုပျိုစေတယ်ဆိုတာကို အတည်ပြုခဲ့ကြပါတယ် ။ လေ့လာစမ်းသပ်မှုတွေအရ ပုလဲအမှုန့်ဟာ လူ့ရဲ့ ကိုယ်ခံစွမ်းအား Immune ကို တက်စေပါတယ် ။ ဒါ့အပြင် ပုလဲအမှုန့်ဟာ

- အသက်ရှည်စေပြီး ကျန်းမာတဲ့ဘ၀ကိုရစေပါတယ်

- အရေအကြောင်းတွေတွန့်ခြင်းနဲ့ အိုမင်းရင့်ရော်လာမှု နဲ့နေလောင်ကွက်တွေကို လျော့နည်းစေပြီး အရေး အကြောင်းထင်စေမှုမှ ကင်းဝေးစေပါတယ် ။ ငယ်ရွယ်နုပျိုတဲ့ပုံစံကို ရရှိစေမှာဖြစ်ပြီး အရေပြားဆဲလ်အသစ်တွေ ရရှိအောင် ကြီးထွာ်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ် ။ ကိုလာဂျင်တွေကိုလည်း အသစ်ပြန်လည်ဖြစ်ပွားစေပြီး အရေပြား ကိုထိခိုက်စေတဲ့ skin-damaging free radicals တွေကိုလျော့နည်းစေပါတယ် ။

- အရိုးတွေကို ပိုမိုသန်မာလာစေပြီးတော့ အရိုးအသစ်တွေကြီးထွားအောင် လှုံဆော်ပေးပြီး အရိုးရဲ့ သိပ်သည်း ဆကိုများစေပါတယ် ။

- နှလုံးကို သန်မာစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ် ။ နှလုံးရာဂါတွေကနေ ပြန်လည်ကောင်း မွန်လာစေ ပါတယ် ။

- သွေးပေါင်ချိန် Blood pressure ကိုပုံမှန်ဖြစ်စေပါတယ် ။

- မှတ်ဥာဏ်ကိုပိုပြီးကောင်းလာစေပါတယ် ။

- ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါတယ် ။

- ဦးနှောက်နဲ့အာရုံကြောစနစ်မှာ စိတ်ဖိစီးမှုတွေကိုလျော့ချပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

- ကလေးတွေရဲ့ ဥာဏ်စွမ်းရည် IQ ကို တိုးတက်စေပြီး ကျောင်းစာနဲ့ တခြားကျန်း မာရေးတွေ မှာ ကောင်း မွန်စေပါတယ် ။

- အသက်အရွယ်အိုမင်းခြင်းဖြစ်စဉ်ကို တိုက်ထုတ်ပေးတဲ့ SOD လို့ခေါ်တဲ့ Superoxide Dismutase ကိုများစေ ပါတယ် ။ SOD ဟာ ကောင်းမွန်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပါတယ် ။

- အများစွာသော ပရိုတိန်းတွေ အမိုင်နိုအက်ဆစ်တွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေနဲ့ polysaccharides တွေ ကို ကျန်းမာရေးအထောက်အကူပြုစေဖို့ maintanance

အရေပြားကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု

ပုလဲဟာ အရေပြားပေါ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် အကျိုးသက်ရောက်မှုကိုပေးစေပါတယ် ။ အမျိုးသ မီးတွေရဲ့ ကျန်းမာရေးနဲ့အလှအပနဲ့ပတ်သတ်ပြီးတော့ တရုတ်ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်က တည်းက မျက်နှာမှာ ပုလဲ မှုန့်ရဲ့ စွမ်းဆောင်ရည်ကိုဖော်ထုတ်ခဲ့ကြပါတယ် ။ ပုလဲမှုန့်ရဲ့ ဖော်မြူလာ ကတော့ မျိုးဆက်တစ်ခုပြီးတစ်ခု ဆရာဝန်တွေမှ တဆင့်ပျံ့နှံ့လာခဲ့ပါတယ် ။ ပုလဲ တစ်ခုတည်းမှာသာလျှင် သဘာဝ ပစ္စည်းတွေ နဲ့ သတ္တုဓါတ်တွေ ညီမျှစွာ ပေါင်းစပ်ထားပြီး အရေပြားပေါ် လိမ်းတဲ့အ ခါ ချောမွေ့စေ ခြင်း ပျော့ပြောင်းစေခြင်းနဲ့ ၀င်းစိုစေခြင်းကိုဖြစ်စေပါတယ် ။ Melanin ရောင်ခြယ်တွေ ပွားများလာစေ ခြင်း ကို လျော့နည်းစေခြင်းအားဖြင့် ပုလဲ ပေါင်ဒါဟာ အရေပြားအရောင်ကိုထိမ်းညှိပေးပါတယ် ။ ပုလဲ အမှုန့်ဟာ အရေပြား ကိုသန့်စင်ချောမွတ်စေယုံသာမက တောက်ပ ၀င်းလက်စေပါတယ် ။ နေရောင်ခြည်ဒါဏ်ကို ကာ ကွယ်ပေးပြီး တရုတ် ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ နေပူလောင်ခြင်းကြောင့်ဖြစ်တဲ့ ပျက်ဆီးခြင်းတွေကို ပြန်လည်ကောင်းမွန်စေပါတယ် ။ ပုလဲ ပေါင်ဒါအမှုန့်မှာအမိုင်နိုအက်ဆစ် ၂၀ မှ ၂၂ မျိုးထိပါဝင်ပါတယ် ။ သဘာဝ Moisturizer ပါဝင်ပြီး ပရိုတိန်းတွေက အရေပြားဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေပါတယ် ။ ဗီတာမင်ဘီ အုပ်စုဝင်တွေနဲ့ poly[saccharides တွေက ကြွက်သားတွေကို သန်မာစေပါတယ် ။ ဒါ့အပြင် ပုလဲအမှုန့်ဟာ ကယ်လ်စီယမ်တွေရဲ့ ဇစ်မြစ်တစ်ခုလည်းဖြစ်ပါတယ် ။

Reference Links

http://en.wikipedia.org/wiki/Pearl
http://www.pearlciumbuzz.com/pearlcium/pearlcium_history.html
http://www.womens-health-symmetry.com/pearl-powder.html

သက်တန့်ချို

Sunday, 28 August 2011

Tatto ကိုစိတ်ဝင်စားသူများအတွက်


ကျွန်တော်အခု Tatto တွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်  Pictures လေးတွေတင်ပေးလိုက်ပါတယ်။
ပုံကတော့ 200 နီးပါးရှိပါတယ်


နေမင်း
                                                       DOWNLOAD

သိချင်တာလေးတွေမေးကြည့်၇အောင်

Best Blogger Tips


ကျွန်တော် G-talk အကောင့်လေးတစ်ခုပေးပါမယ်.။အဲ့ဒီအကောင့်လေးကကြူလို့တော့မ၇ဘူးဗျာ...။သိချင်
တာလေးတွေ၇ှိ၇င်တော့သူကဖြေပေးပါတယ်.။ webtoim@gmail.com ပါဒီအကောင့်လေးကိုအပ်ထားလိုက်
၇င်သိချင်တာလေးတွေ၇ှိ၇င်မေးကြည့်လိုက်၇မှာပေါ့ဗျာ...။မေးတဲ့မေးခွန်းကတော့မှန်ဖို့လိုတာပေါ့နော်..။မြန်မာ
လိုတော့မေးလို့မ၇ပါဘူးWhat time in myanmar?လို့မေး၇င်သူက April 24th 2011, 02:05:26 MMT ဆို ပြီးဖြေပေးပါလိမ့်မယ်Angelina Jolie လို့၇ိုက်မေးလိုက်၇င်Our AnswerAngelina Jolie
(born Angelina Jolie Voight on June 4, 1975)the American actress  and Goodwill Ambassador for the UN Refugee Agency  ဆိုပြီးဖြေပေးပါလိမ့်မယ်။ကိုယ်မေးတဲ့မေးခွန်တွေမှန်နေသေ၇ွ့ တော့သူကပြန်
ဖြေပေးနေမှာပါ။အကောင့်addထားချင်သူများ  webtoim@gmail.com  ကိုaddလိုက်ပါခင်ဗျာ...။
 
.နေမင်းမောင်
 

Folder နောက်ခံပုံထည်.နည်း

                   


 : folder တွေ၊ Pen Drive တွေမှာ background photo လေးတွေထည့်ချင်လို့ ဘယ်လိုတည့်ရလဲ......

ဒီဆော့ဝဲလ်လေးက gtalk မှာ ညီမငယ်တယောက်ကလာရောက်တောင်းဆိုထားလိုတင်ပေးလိုက်တာပါ. ဘာလုပ်တဲ့ဆော့ဝဲလ်လဲဆိုတော့ window xp ကိုအသုံးပြုနေတဲ့မိတ်ဆွေများအတွက် မိမိစက်ထဲက folder တွေကို သူ့ ပုံစံနောက် ခံအဖြူရောင်မဟုတ်ဘဲ မိမိနှစ်သက်တဲ့ background image များနှင့် အစားထိုး ပြောင်းလဲတဲ့နည်းလမ်းလေးပါ။
အပေါ်မှာပြထားတဲ့ပုံလေးအတိုင်း
( ၁ ) မိမိပြောင်းချင်တဲ့ folder ကိုရွေးပေးပါ။
( ၂ ) မိမိပြောင်းချင်တဲ့ ပုံကိုထည့်ပေးလိုက်ပါ။
( ၃ ) folder name တွေရဲ့ အရောင်ပါ။
ပြီးရင်အောက်ကနမူနာ ပုံလေးအတိုင်း မြင်တွေ့ ကြပါလိမ့်မယ်။


အသုံးပြုရတာအရမ်းလွယ်ကူတဲ့ဆော့ဝဲလ်လေးဖြစ်လို့  အသုံးပြုချင်တဲ့မိတ်ဆွေများအုံး အောက်မှာ download ယူနိုင်ပါတယ်။
window xp




window 7 နှင့် vista အတွက် အောက်မှာ download ဘဲပေးလိုက်ပါတော့မယ် .အဆင်ပြေသလိုအသုံးပြုနိုင်အောင်တင်းပေးလိုက်ခြင်းဖြစ်ပါတယ်
window vista




window 7 ( 32 bit )




Windows 7 & window vista 32-bit , 64-bit




window 7 ( 64 bit )



နေမင်းခေတ်
Related Posts Plugin for WordPress, Blogger...